အိပ်မက်ထဲမှာ

ညက အိပ်မက်မက်နေတယ်
ကြယ်စင်တွေခ တဲ့ညကပေါ့ ။
တစ်ခါက
ကောင်မလေးရယ်
တစ်ခန်းရပ်သွားတဲ့ ပြဇတ်တွေ
ခူးမရတဲ့ ခရေပန်းလေးတွေ
တစတစ စီကြွေသွားတဲ့ ဒဏ်ရာတွေ
မျော်လင့်ချက်တွေကို အရောင်ပြောင်းသွားတဲ့
ကဗျာလေးတွေ နွေရနံမှာ ကြွေနေတုန်း ။
ချစ်တယ်လို. ဖွင့်ပြောပေမယ့်
ပြန်မရလိုက်တဲ့ အချစ်တွေ
မိုးရေထဲမှာ ငိုနေတုန်း ။
အများကြီး မတောင်းဆိုပါဘူး
ရေကြည် တစ်ပေါက်လောက်ဆို ကျေနပ်ပါတယ်
အကယ်လို. ဘာမှ မရရင်တောင်မှ
ကောင်းကင်တစ်မိုးအောက်မှာ
ကြယ်စင်တွေကို ထိုင်ငေးချင်သေးတယ်
အိပ်စက်ရင်းပေါ့ ။

လှော်ခပ် နေသူ

ဝေဆာသစ်ခွ ၊ ပိတောက် တွေပွင့်
ပန်းမျိုးတစ်ရာ ၊ အလှစုံလို.
ထင်းရှုးရယ်သင်း ၊ တော်ဝင် သဇင်
ရွှေမြန်နန်းက အလှဆင်၏
ဥသြော်သံသာ ၊ ကြေးငှက်
တောမြိုင်အနှံ တေးကြူးနေတဲ့ တို.ပြည် ။
ပျော်ရာအလှ ခွဲးသွားကြလို.
တော်ရာ မြေသို. ခရီးနှင်ကြ ။
ဆူးခင်းတဲ့လမ်း ၊ လွန်စွာဆိုးသွင်း မညင်သာလည်း
ဘ၀ အရေး ၊နောင်အရေး တွေးလို.ရင်ဝယ်
ဖြေသိမ့်လျှက်ပါ ။
ပုတုစဉ် လူသားမို.
နှဖူးကချွေး မြေသို.ခလည်း
ဘ၀ပေးတဲ့ ဝဋ်ကြွေးသာလို.
ရင်ခွင်ဖြေသိမ့် ၊မရှိ.အားလည်း
တက်ကြွ နိုးထလျှက်ပါ ။
ဒုက္ခပင်လယ်၊ လေပြေ မုန်တိုင်း
ဒီရေဆန်လမ်း ၊ဤအမှော်ရပ်တွင်
အလင်းကိုဖြန်း အိမ်ပြန်မယ့်သူ
ငါမတ်မတ် တည်နေပြီ ။